TopPodcast.com
Menu
  • Home
  • Top Charts
  • Top Networks
  • Top Apps
  • Top Independents
  • Top Podfluencers
  • Top Picks
    • Top Business Podcasts
    • Top True Crime Podcasts
    • Top Finance Podcasts
    • Top Comedy Podcasts
    • Top Music Podcasts
    • Top Womens Podcasts
    • Top Kids Podcasts
    • Top Sports Podcasts
    • Top News Podcasts
    • Top Tech Podcasts
    • Top Crypto Podcasts
    • Top Entrepreneurial Podcasts
    • Top Fantasy Sports Podcasts
    • Top Political Podcasts
    • Top Science Podcasts
    • Top Self Help Podcasts
    • Top Sports Betting Podcasts
    • Top Stocks Podcasts
  • Podcast News
  • About Us
  • Podcast Advertising
  • Contact
Not in our directory?
Add Show Here
Podcast Equipment
Center

toppodcastlogoOur TOPPODCAST Picks

  • Comedy
  • Crypto
  • Sports
  • News
  • Politics
  • True Crime
  • Business
  • Finance

Follow Us

toppodcastlogoStay Connected

    View Top 200 Chart
    Back to Rankings Page
    Arts

    Rodiobook

    Audiobooks for Myanmar short stories, essays and others literature that all i read.

    Advertise

    Copyright: © Rodney Sann Lwin

    • Apple Podcasts
    • Google Play
    • Spotify

    Latest Episodes:
    အေးမင်းစော - ကြွင်းကျန်ရစ်သော (အသံစာအုပ် - ဝတ္ထုရှည်) Jul 18, 2022
    Show notes

    ကျနော်တို့ မြန်မာစကားမှာ "ဥပါဒါန်ကြောင့် ဥပါဒ်ရောက်"လို့ ရှိပါတယ်။

    ဗုဒ္ဓ က "ကံ ကံ၏အကျိုး"၊ ယေရှု ကလည်း "ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်" ဆိုပြီး ကိုယ်ပြုလိုက်တဲ့ လုပ်ရပ်တိုင်းဟာ မလွဲမသွေ ကိုယ်ပြန်ခံစား စံစားရမယ်လို့ ဟောကြား သွန်သင်ခဲ့ ကြပါတယ်။

    လူတိုင်းဟာ တနေ့ မလွဲမသွေ သေဆုံးရမှာ ဖြစ်ပြီး မသေခင် လူ့လောကမှာ ဘယ်လိုနေထိုင်ပြုမူမလဲဆိုတာက လူ့တန်ဖိုးဖြစ်ပါတယ်၊ တကယ့်ဂုဏ်သိက္ခာ အစစ်ဖြစ်ပါတယ်။

    ရာထူး၊ စည်းစိမ်ဥစ္စာ၊ နေရာဌာန၊ အောင်မြင်မှု ဆိုတာ ထိုက်တန်တဲ့သူမှ ခံစား စံစားရတာမျိုးပါ။

    ဆရာအေးမင်းစော ရဲ့ "ကြွင်းကျန်ရစ်သော"ဆိုတဲ့ စာအုပ်ထဲမှာ လောဘဇော တိုက်၊ ဒေါသ၊ မောဟ ရမ္မက်မီးတွေ၊ ကိလေသာမီးတွေ လောင်မြိုက်ပြီး ဇာတ်သိမ်းမကောင်းတဲ့သူ တယောက်အကြောင်းကို ရေးဖွဲ့ပေးထားပါတယ်။

    အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။



    ဂျူး - တစ်ဦးတည်းသောသား (အသံစာအုပ် - ဝတ္ထုတို) (၂ပိုင်း) Jul 09, 2022
    Show notes

    ဆရာမ ဂျူး ရဲ့ ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ "တစ်ဦးတည်းသောသား" ကို အသံထွက်ဖတ်ပြပေးတာပါဗျ။

    အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နဲ့ မှားယွင်းမှုများ ပါခဲ့ပါလျှင် ကျနော့် အပြစ်ပါခင်ဗျာ။

    အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။


    ရေွှဥဒေါင်း - မေျှာ်တလင့်လင့် (အသံစာအုပ် - ဝတ္ထုရှည်) (၁၀ ပိုင်း) Jun 27, 2022
    Show notes

    ကမ္ဘာ့ဂန္တဝင် စာရင်းဝင် နာမည်ကျော်ဝတ္ထုတပုဒ် ဖြစ်တဲ့ "မျှော်တလင့်လင့်" ကို ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။

    လူ့စရိုက်ကို ပီပြင်စွာ ပုံဖော်နိုင်တဲ့ ရသမြောက်ဝတ္ထုကြီးဖြစ်တဲ့ "မျှော်တလင့်လင့်"ဟာ မူရင်းရေးသားသူ ချားလ်ဒစ်ကင် ရဲ့ အကောင်းဆုံးဝတ္ထုအဖြစ် သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံမှာလည်း ၁၉၅၀ ခုနှစ် စာပေဗိမာန် ရဲ့ ဘာသာပြန် စာပေဆု ကို ဒီဝတ္ထုနဲ့ ဆရာကြီး ရွှေဥဒေါင်း ရရှိခဲ့ပါတယ်။

    ဒါပေမဲ့ ဆရာကြီးရွှေဥဒေါင်း ဟာ ဒီဝတ္ထုကြီးကို အနှစ်ချုပ်(အကျဉ်း) ပဲ ပြန်ဆို ရေးသားခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာ ဆရာမောင်ထွန်းသူ က အစအဆုံး ပြန်ဆိုထားပါသေးတယ်ဗျ။

    ကျနော်က ဆရာကြီးရွှေဥဒေါင်း ရဲ့ ဘာသာပြန်မူကို ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။


    တင်မောင်မြင့် - ပုလဲနက် (ဝတ္ထုလတ် - အသံစာအုပ်) Jun 23, 2022
    Show notes

    ဆရာကြီးဦးတင်မောင်မြင့် ဘာသာပြန်ထားတဲ့ "ပုလဲနက်" ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးသွားမှာဖြစ်ပါတယ်၊

    ကမ္ဘာကျော် ဂန္တဝင် ရသစာပေကောင်းများကို အကျဉ်းချုံ့ပြီး လူငယ်များအတွက် ရုပ်ပြအကျဉ်းအနေနဲ့ ထွက်ရှိထားတဲ့စာအုပ်များထဲက တအုပ်ဖြစ်ပါတယ်။

    လူငယ်များအတွက် ရေးတာဖြစ်ပေမဲ့ ဒီအရွယ် ဒီဘဝမျိုးတွေကို ဖြတ်သန်းခဲ့ကြတဲ့ လူကြီးတွေအတွက်ပါ အကျိုးရှိနိုင်ပြီး ငယ်ဘဝကို ပြန်လည်တမ်းတ စားမြုံ့ပြန်နိုင်ကြပါလိမ့်မယ်လို့ အမေရိကန် ဂန္တဝင်စာရေးဆရာကြီး မတ်တွိန်းရဲ့ အမှာစာ တခုကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်ဗျ။

    မြန်မာကျောင်းသားလူငယ်များ အနေနဲ့ စာဖတ်ချိန် မရှိတဲ့ အိုင်တီခေတ်အတွက် ကမ္ဘာ့ဂန္တဝင်ရသစာပေများကို နည်းနည်းဖြစ်ဖြစ် မြည်းကြည့်စေချင်တဲ့ ဆရာကြီးဦးတင်မောင်မြင့် ရဲ့ စေတနာကို လေးစား တန်ဖိုးထားပြီး ဒီစာအုပ်လေးကို ဖတ်ပြပေးချင်ပါတယ်။


    မယ်ကျွိ - ရွက်ကြေွ (အသံစာအုပ် - ဝတ္ထုရှည်) Jun 07, 2022
    Show notes

    ဆရာမမယ်ကျွိ ဘာသာပြန်ထားတဲ့ ရွက်ကြွေ ဆိုတဲ့ ဝတ္ထုဟန်အတ္ထုပ္ပတ္တိစာအုပ် လေးကို ဖတ်ပြပေးမှာဖြစ်ပါတယ်။ ဝတ္ထုဟန်အတ္ထုပ္ပတ္တိစာအုပ်တွေဟာ ခေတ်အဆက်ဆက် စာပေလောကမှာ နေရာတစ်နေရာရှိပြီး ဖြစ်သလို ၎င်းစာအုပ်တွေဟာ လွမ်းမောစရာ၊ နာကြည်းစရာ၊ တမ်းတစရာ၊ စိတ်အားတက်ကြွစရာ၊ ပျော်စရာ၊ ရယ်စရာစတဲ့ ခံစားချက်အထွေထွေကို သူ့နည်းသူ့ဟန်နဲ့ ပေးစွမ်းနိုင်တာမို့ စာရေးဆရာရဲ့ စိတ်ကူးနဲ့ ဖန်တီးထားသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

    မူရင်းစာ​ေရးသူ Adeline Yen Mah ဟာ တီယန်ကျင်းဇာတိ၊ ရှန်ဟိုင်း၊ ဟောင်ကောင်၊ အမေရိကန်မှာ အခြေစိုက်တဲ့ တရုတ်ဆရာဝန်မကြီးဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စာရေးသူတို့ရဲ့ မိသားစုကြီးတစ်စု ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြောပြရင်း ၁၈၈၀ ခုနှစ်ကျော်ကာလများကစလို့ သက္ကရာဇ် ၂၀၀၀ နားထိတိုင် တရုတ်ပြည်မကြီး၊ ဟောင်ကောင်ကျွန်း နဲ့အမေရိကန်တို့ရဲ့ နိုင်ငံရေး ၊စီးပွားရေး၊ လူမှုထုံးဓလေ့တို့ကို ဝတ္ထုကောင်းတို့ရဲ့ အင်္ဂါရပ်တို့နဲ့အညီ ရသအင်အားကောင်းကောင်းနဲ့ ချပြသွားပါတယ်။

    Adeline Yen Mah ဟာ ကမ္ဘာ့စာပေလောကမှာ အရှေ့နဲ့ အနောက်ကြား ပေါင်းကူးတံတားဖြစ်တယ်လို့ ကင်ပွန်းတပ်ခြင်းခံရသူဖြစ်ပါတယ်။

    #မယ်ကျွိ

    #ရွက်ကြွေ


    Tim - စကားလုံးပဉ္စလက် (ဝတ္ထုတို - အသံစာအုပ်) Jun 06, 2022
    Show notes

    ကမ္ဘာကျော်စာရေးဆရာ Ken Liu ရဲ့ ဝတ္ထုတွေကို Tim က ဘာသာပြန်ပေးထားတဲ့ "မိစ္ဆာလိုက်ပွဲ" စာအုပ်ထဲက ဝတ္ထုတို တပုဒ်ဖြစ်တဲ့ စကားလုံးပဉ္စလက် ကို အသံထွက်ဖတ်ပြတာ ဖြစ်ပါတယ်။

    မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာတယောက်ပါ။

    (သူရေးသားတဲ့ ဝတ္ထုတိုတပုဒ် ဆရာမမေဇင်မောင်ဘာသာပြန်တဲ့ "စက္ကူကျား"ကို အသံထွက်ဖတ်ပြခဲ့ဖူးပါတယ်။)

    ဘာသာပြန်သူ"Tim"က နှင်းဆီဖြူက ကျင်းပတဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ဆုရဖူးသူ လူငယ်တစ်ဦးဖြစ်တာမို့ သူ့လက်ရာကလည်း ပြောစရာမလိုအောင်ကောင်းမွန်ပါတယ်။


    #Tim - #တရားရှင်နှင့်မေျာက်ဘုရင် #အသံစာအုပ် ဝတ္ထုတို Jun 03, 2022
    Show notes

    ကမ္ဘာကျော်စာရေးဆရာ Ken Liu ရဲ့ ဝတ္ထုတွေကို Tim က ဘာသာပြန်ပေးထားတဲ့ "မိစ္ဆာလိုက်ပွဲ" စာအုပ်ကို အသံထွက်ဖတ်ပြတာ ဖြစ်ပါတယ်။

    မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာတယောက်ပါ။

    (သူရေးသားတဲ့ ဝတ္ထုတိုတပုဒ် ဆရာမမေဇင်မောင်ဘာသာပြန်တဲ့ "စက္ကူကျား"ကို အသံထွက်ဖတ်ပြခဲ့ဖူးပါတယ်။)

    ဘာသာပြန်သူ"Tim"က နှင်းဆီဖြူက ကျင်းပတဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ဆုရဖူးသူ လူငယ်တစ်ဦးဖြစ်တာမို့ သူ့လက်ရာကလည်း ပြောစရာမလိုအောင်ကောင်းမွန်ပါတယ်။

    ပါဝင်တဲ့ ဝတ္ထုတို(၃)ပုဒ်နဲ့ ဝတ္ထုလတ်(၁)ပုဒ်ထဲက ဒုတိယ ဝတ္ထုတိုတပုဒ်ဖြစ်တဲ့ တရားရှင်နှင့် မေျာက်ဘုရင် ကို ဖတ်ပြပေးထားပါတယ်။


    Tim - မိစ္ဆာလိုက်ပွဲ #ဝတ္ထုတို #အသံစာအုပ် Jun 02, 2022
    Show notes

    ကမ္ဘာကျော်စာရေးဆရာ Ken Liu ရဲ့ ဝတ္ထုတွေကို Tim က ဘာသာပြန်ပေးထားတဲ့ "မိစ္ဆာလိုက်ပွဲ" စာအုပ်ကို ကိုရော်နီစန်းလွင် က အသံထွက်ဖတ်ပြတာ ဖြစ်ပါတယ်။

    မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာတယောက်ပါ။

    (သူရေးသားတဲ့ ဝတ္ထုတိုတပုဒ် ဆရာမမေဇင်မောင်ဘာသာပြန်တဲ့ "စက္ကူကျား"ကို ကိုရော်နီစန်းလွင် က အသံထွက်ဖတ်ပြခဲ့ဖူးပါတယ်။)

    ဘာသာပြန်သူ"Tim"က နှင်းဆီဖြူက ကျင်းပတဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ဆုရဖူးသူ လူငယ်တစ်ဦးဖြစ်တာမို့ သူ့လက်ရာကလည်း ပြောစရာမလိုအောင်ကောင်းမွန်ပါတယ်။


    မြသန်းတင့် - ရှားလော့ဟုမ်း၏မှတ်တမ်းများ (ဝတ္ထု - အသံစာအုပ်) May 16, 2022
    Show notes

    ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ ရှားလော့ဟုမ်း၏မှတ်တမ်းများ ဆိုတဲ့ စာအုပ်ကို ဖတ်ပြပေးတာပါ၊

    စုံထောက်ဇာတ်လမ်းများကို ကြိုက်နှစ်သက်သူများအတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ရှားလော့ဟုမ်း ရဲ့ စုံထောက်ပုံများကို နားဆင်ပေးကြပါဦးဗျ။


    အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။


    ဂျူး - ထာ၀ရသစ္စာ (ဝတ္ထုတို၊ အသံစာအုပ်) May 11, 2022
    Show notes

    ဆရာမ ဂျူး ရဲ့ ထာ၀ရသစ္စာ ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြတာပါ၊ အသံထွက်ဖတ်ပြရာမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့် တာဝန်ပါခင်ဗျာ။


    Previous 1 2 3 4 5 17 Next

    Related Podcasts

    Fresh Air

    1

    Fresh Air Arts
    Twenty Thousand Hertz

    2

    Twenty Thousand Hertz Arts
    The Black Tapes

    3

    The Black Tapes Arts
    Snap Judgment

    4

    Snap Judgment Arts
    Here’s The Thing with Alec Baldwin

    5

    Here’s The Thing with Alec Baldwin Arts
    The NoSleep Podcast – Creative Reason Media Inc.

    6

    The NoSleep Podcast – Creative Reason Media Inc. Arts
    footer-logo

    Contact Us

    Toll Free: 844-670-7747

    Links

    • Home
    • Top Charts
    • Networks
    • Apps
    • Independents Podcasts
    • Podcast Advertising
    • Podcast News
    • Contact Us
    • About Us
    • Analytics & Insights

    Stay Connected

      Privacy, Terms of Use & Our Code of Ethics Protecting Content Creators Copyrights